ခရမ်းချဉ်သီးတွင် ဗီတာမင်-ဘီ၊ ဗီတာမင်-စီ၊ အမျှင်ဓာတ်၊ ပိုတတ်စီယမ် သတ္တုဓာတ်များနှင့် ရေဓာတ် ပါဝင်ပါတယ်။ ထို့ပြင် ခရမ်းချဉ်သီးတွင် lycopene ဟုခေါ်သည့် ဓာတ်တိုးဆန့်ကျင်ပစည်း Antioxidant ပါဝင်တာကြောင့် ကင်ဆာရောဂါ ကာကွယ်နိုင်တယ် လို့ဆိုပါတယ်။ Lycopene ဓာတ်သည် ခရမ်းချဉ်သီးကို အနီရောင်ဖြစ်စေသော ဓာတ်တစ်မျိုးဖြစ်ပြီး၊ ခရမ်းချဉ်သီး အရောင်ရင့်လေ lycopene ဓာတ်ပိုမိုပါဝင်လေ ဖြစ်သည်။
ခရမ်းချဉ်သီး စားသုံးခြင်းမှ lycopene ဓာတ်အများဆုံးရရှိသော အမျိုးသားများ ဆီးကျိတ်ကင်ဆာ ရောဂါ ဖြစ်နိုင်ခြေ လျှော့နည်းသည်ကို လေ့လာတွေ့ ရှိရသည်။ ခရမ်းချဉ်သီး သို့မဟုတ် ခရမ်းချဉ်သီးဆော့ တစ်ပတ်နှစ်ကြိမ် စားပေးရုံမျှဖြင့် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၅% လျှော့ကျစေသည်။ ခရမ်းချဉ်သီး နှစ်ခြိုက်စွာ စားသုံးသူတွေမှာ ဆီးကျိတ်ကင်ဆာ အပြင် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေလျှော့ ကျစေသည်။ မျက်လုံး တစ်သျှူးကြွက်သား များတွင် lycopene ဓာတ်များစွာ တွေ့ရှိရပါက အသက်အရွယ်ကြောင့် ဖြစ်ပေါ်သော မျက်စိတိမ်နှင့် အခြား မျက်စိရောဂါများ ကွာကွယ်နိုင်ကြောင်း သိရှိရသည်။ ထို့ပြင် နေရောင်ခြည်ဒဏ်မှလည်း ကာကွယ်ပေးသည်။
ချက်ပြုတ်စားသောက်ဖို့ ခရမ်းချဉ်သီး ရွေးချယ်ဝယ်ယူမည်ဆိုလျှင် lycopene ဓာတ်ပမာဏ ပိုမိုပါဝင်သသော အနီရောင်ရင့်ရင့်ကို ရွေးချယ်ဝယ်ယူပါ။
0 comments:
Post a Comment