မယ်လမင်းကို ဂျာမန် ဓာတုဗေဒပညာရှင် Justus Vonliebig က အေဒီ ၁၈၃၄ ခုနှစ်တွင် တွေ့ရှိခဲ့သည်။ မယ်လမင်းသည် ဖော်မယ်လ်ဒီဟိုက်နှင့် ဓာတ်ပြုလိုက်သောအခါ Melamine Resin ရရှိပြီး၊ ပလတ်စတစ် ပန်းကန်ခွက်ယောက်များတွင် သုတ်လိမ်း လိုက်သောအခါ အလွယ်တကူ ပျက်စီးနိုင်ခြင်း မရှိသော လှပသေသပ်ပြီး ပေါ့ပါးခိုင်ခန့်တဲ့ အသုံးအဆောင်များ ရရှိလာသည်။ မယ်လမင်းသည် အသားဓာတ် (ပရိုတိန်း) ကဲ့သို့ နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝသည်။ ပရိုတိန်းဓာတ်သည် ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်သော အာဟာရဓာတ် ဖြစ်သော်လည်း မယ်လမင်းဓာတ်သည် ဆိုးကျိုးသာ ဖြစ်စေသည်။ မယ်လမင်းတွင် ပါဝင်သော နိုက်ထရိုဂျင်ဓာတ်သည် ပြိုကွဲမှုနှုန်း နှေးသည့်ပြင် ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီးပါက ပြန်မထွက်နိုင်တော့ဘဲ ကြာသောအခါ အဆိပ်ဖြစ်စေသည်။
မယ်လမင်းတွင် နိုက်ထရိုဂျင်ဓာတ် များစွာပါရှိခြင်းကြောင့် ဓာတ်မြေသြဇာအဖြစ် အသုံးပြုရာတွင် မအောင်မြင်ခဲ့ပေ။ တိရိစ္ဆာန်အစာများ ထုတ်လုပ်ရာတွင် အသုံးပြုရန် မသင့်တော်ကြောင်း တွေ့ရှိခဲ့သည်။ ကြွက်များတွင် စမ်းသပ်မှုများအရ >3,000 mg/kg နှုန်းနဲ့ စားသုံးမိပါက မျိုးပွားနိုင်မှုကို ထိခိုက်စေခြင်း၊ ဆီးအိတ်နှင့် ကျောက်ကပ် ကျောက်တည်ခြင်း၊ ဆီးအိမ်ကင်ဆာ ဖြစ်ခြင်း၊ ကျောက်ကပ်ပျက်စီး သေဆုံးခြင်းများ တွေ့ရှိရသည်။ ၁၉၅၃ ခုနှစ်တွင် ပြုလုပ်ခဲ့သော သုတေသနအရ ခွေးများကို မယ်လမင်း ၃ % ပါဝင်သော အစားအစာများကို တစ်နှစ်ကြာ ကျွေးပြီးတဲ့အခါ စမ်းသပ် တွေ့ရှိချက်အရ ဆီးထဲမှာ မယ်လမင်းဓာတ် ပါဝင်လာခြင်း၊ ဆီးအနည်ပါခြင်း၊ ဆီးထဲတွင် သွေးပါခြင်း (Haematuria)၊ ဆီးထဲတွင် ပရိုတိန်းဓာတ် ပါလာခြင်း (Proteinuria)၊ ဆီးသွားများလာခြင်း (Polyuria) တို့ တွေ့ရှိခဲ့ရသည်။
ကလေးငယ်များကို သန့်ရှင်းလက်ဆက်ပြီး၊ အာဟာရပြည့်ဝတဲ့ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးသင့်သည်။ အကြောင်းကြောင်းကြောင့် မိခင်နို့မတိုက်ကျွေးနိုင်ပါက သန့်ရှင်းလတ်ဆက်သော နွားနို့၊ ဆိတ်နို့များ တိုက်ကျွေးသင့်ကြောင်းနှင့် အာမခံချက်ရှိသော မယ်လမင်း ပါဝင်မှု့ စစ်ဆေးထားသော နို့မှုန့်များကို ရွေးချယ်သင့်ကြောင်း တင်ပြလိုက်ရပါတော့သည်။
![]() |
Melamine |
အစားအစာတွင် ပရိုတိန်းဓာတ်ကို နိုက်ထရိုဂျင် ပါဝင်မှုဖြင့် တိုင်းသည်။ "Kjeldaha Protein Test" "Dumas Protein Test" တို့ဖြင့် စမ်းသပ်၍ နိုက်ထရိုဂျင် ပါဝင်မှု့များလျှင် ပရိုတိန်း ကြွယ်ဝကြောင်း သတ်မှတ်သည်။ သို့သော် စမ်းသပ်တွေ့ရှိသည့် နိုက်ထရိုဂျင်ဓာတ်သည် အမှန်တကယ် ပရိုတိန်းလား? မယ်လမင်းလား? ဆိုသည်ကို သိရှိရန်လိုသည်။ စီးပွားရေးသမားများက အခွင့်ကောင်းယူ၍ နို့မှုန့်ထဲ မယ်လမင်း ထည့်ပြီး ပရိုတိန်း များသယောင် ထုတ်လုပ် ရောင်းချလာကြသည်။
ဗြိတိန်တွင် ၂၀၀၄ ခုနှစ်က မယ်လမင်း အသုံးအဆောင်များကို အပူချိန် 70ံC ရှိသော အရည်ထည့်ကာ ၂ နာရီကြာ ထားကြည့်ခြင်း၊ ပန်းသီးဖျော်ရည် ထည့်ကြည့်ခြင်းများ ပြုလုပ် လေ့လာသောအခါ မယ်လမင်းနှင့် ဖော်မယ်လ်ဒီဟိုက် စိမ့်ထွတ်ကြောင်း တွေ့ရှိခဲ့သည်။
ကလေးငယ်များကို သန့်ရှင်းလက်ဆက်ပြီး၊ အာဟာရပြည့်ဝတဲ့ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးသင့်သည်။ အကြောင်းကြောင်းကြောင့် မိခင်နို့မတိုက်ကျွေးနိုင်ပါက သန့်ရှင်းလတ်ဆက်သော နွားနို့၊ ဆိတ်နို့များ တိုက်ကျွေးသင့်ကြောင်းနှင့် အာမခံချက်ရှိသော မယ်လမင်း ပါဝင်မှု့ စစ်ဆေးထားသော နို့မှုန့်များကို ရွေးချယ်သင့်ကြောင်း တင်ပြလိုက်ရပါတော့သည်။
3 comments:
ဗဟုသုတလေးအတွက်ကျေးဇူးပါ။
ကောင်းသောနေ့လေးဖြစ်ပါစေ.ရှင်။
Thanks a lot !
မယ်လမင်း ပန်းကန်တွေကကော ကျန်းမာရေးအတွက် ဘယ်လောက်အထိ ဆိုးကျိုးဖြစ်နိုင်ပါသလဲခင်ဗျ...
Post a Comment