Thin Layer Chromatography (TLC) နည်းသည် Paper Chromatography (PC) တွင်အသုံးပြုသော Stationary Phase အဖြစ် စက္ကူအစား ပါးလွှာသော Silica gel သို့မဟုတ် Alumina ကို coating လုပ်ထားသော သတ္တုပြား အသုံးပြုခြင်း ဖြစ်သည်။ TLC နည်းသည် PC နည်းထက် Resolution ပိုကောင်းပြီင်္း၊ ဒြပ်နှောများ ခွဲခြားရာတွင်လည်း ပိုမြန်သည်။
![]() |
Thin Layer Chromatography |
PC တွင် Stationary Phase အဖြစ် စက္ကူ အသုံးပြုပြီး၊ TLC တွင် စီလီကာဂျယ် သို့မဟုတ် အလူမီနာ သုတ်လိမ်းထားသော သတ္တုပြားကို အသုံးပြုသည်။ Mobile Phase အဖြစ် ခွဲခြားလိုသော ဒြပ်နှောပေါ်မူတည်၍ သင့်လျှော်သော ဖျော်ရည် ( Solvent ) ကိုအသုံးပြုပြီး၊ ၄င်းသည် Stationary Phase ပေါ်တွင် ဒြပ်နှောကို သယ်ဆောင်သွားသည်။ ဒြပ်နှောတွင် ပါဝင်သော ပါဝင်ပစ္စည်းများ၏ ရွေ့လျားနိုင်မှု့သည် ၄င်းတို့၏ မော်လီကျူ အလေးဆပေါ် မူတည်သည်။
အမျိုးအမည် မသိသော အမိုင်နိုအက်စစ်ကို TLC နည်းဖြင့် ဖြေရှင်းခြင်း။
မိမိအလိုရှိသလောက် TLC ပြားကို ဖြတ်တောက်ပြီး၊ အမိုင်နိုအက်စစ်များ နေရာချထားရန် မျဉ်းတားပေးရသည်။ မျဉ်းတားရန်အတွတ် ခဲဆံကို အသုံးပြုသည်။ မှင်ကို အသုံးမပြုရခြင်းမှာ Solvent သည် ဒြပ်နှောနှင့်အတူ မှင်ကို သယ်ဆောင်သွားနိုင်ခြင်းကြောင့် ဖြစ်သည်။
![]() |
အစက်ချနေစဉ် |
အမျိုးအမည် မသိသော အမိုင်နိုအက်စစ်များကို ဆံချည်မျှင်ပြွန်နှင့် မျဉ်းတားထားသော ခဲလိုင်း၏ အလည်တွင် တစ်စက်ခြင်း သီးခြား အစက်ချပြီး၊ မျဉ်းထားထားသော အပိုင်းကို Ninhydrin ထည့်ထားသည့် ဖန်ပုလင်း၏ အောက်ခြေတွင်ထားကာ အငွေ့မပျံနိုင်အောင် အဖုံး ဖုံးသည်။
Ninhydrin သည် TLC ပြားအောက်ခြေမှ စတင်ပြီး စိမ့်ဝင်ပျံ့နှံ့ကာ အမိုင်နိုအက်စစ်များကို အပေါ်သို့ သယ်ဆောင်သွားသည်။ နောက်ဆုံး TLC ပြားတွင် အမိုင်နိုအက်စစ်များ၏ အရောင်ကို ကွဲပြားခြားနားစွာ တွေ့မြင်ရသည်။ ထိုအခါ ၄င်းတို့သည် မည်သည့် ဒြပ်ပေါင်း ဖြစ်ကြောင်း သက်သေပြရန် Rf တန်ဖိုး တွတ်ထုတ်ယူရသည်။
Rf တန်ဖိုး တွတ်ယူရန် စပေါ့၏ အလည်နှင့် ခဲတားထားသောလိုင်းအကွာအဝေးကို ခဲတားထားသော မျဉ်းမှ TLC ပြားပေါ်တွင် Solvent ဖြတ်သန်းသွားသော အကွားအဝေးဖြင့် စားသည်။ စား၍ရသောကိန်းကို စံအဖြစ်ထားသော Rf တန်ဖိုးများနှင့် နှိုင်းယှဉ်ပြီး၊ မည်သည့် ဒြပ်ပေါင်း ဖြစ်ကြောင်းသိနိုင်သည်။
အမိုင်နိုအက်စစ်များသည် Ninhydrin နှင့် ထိတွေ့သောအခါ သီးခြား အရောင်များ ပေးနိုင်သည်။ ထိုအရောင်များကို ကြည့်ခြင်းဖြင့် မည်သည့် အမိုင်နိုအက်စစ် ဖြစ်ကြောင်း သိနိုင်သည်။
တစ်ခါတစ်ရံ TLC ပြားတွင် ဒြပ်နှော၏ ပါဝင်ပစ္စည်းများနှင့် Solvent ပေါ်မူတည်၍ ဒြပ်ပေါင်းးများ၏ အရောင်ကို မတွေ့မြင်ရပေ။ ထိုအခါ TLC ပြားကို Fluorescence လုပ်ပေးရသည်။ Fluorescense လုပ်ခြင်းဆိုသည်မှာ TLC ပြားကို ခရမ်းလွန်ရောင်ခြည် ( Ultraviolet ) နှင့် ထိတွေ့စေခြင်းဖြစ်သည်။ ထိုအခါ TLC ပေါ်ရှိ Compound များ၏ အရောင်ကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ Florescence အဖြစ် အိုင်အိုဒင်းဓာတ်ငွေ့ သို့မဟုတ် အီသာကိုလည်း သုံးနိုင်သည်။
2 comments:
TLC ဆိုလို့ အကိုပြောတဲ့ဟာကို မသိဘဲ။ Rawက tabls,ladders and chair ရှိုး ကိုသွားသတိရတယ်
ခုလို အားပေးတာ ကျေးဇူးတင်ပါတယ်။
Post a Comment