Chemistry Field " ဓာတုရပ်ဝန်းဘလော့ " ကိုရောက်လာကြတဲ့ မိတ်ဆွေများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ပဏာမနှုတ်ခွန်း ဆက်သလိုက်ပါတယ်။ ဓာတုရပ်ဝန်းလို့ အဓိပ္ပာယ်ဖွင့်ဆိုရခြင်း ရည်ရွယ်ချက်ကတော့  ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဓာတုနဲ့ကင်းတဲ့ အရာရယ်လို့ မရှိပါဘူး။ All matter is made up of atoms. လို့ အင်္ဂလိပ် ဓာတုသိပ္ပံပညာရှင်  John Dalton ကဆိုခဲ့ပါတယ်။  
လူမှု့ပတ်ဝန်းကျင်တွင် ဓာတုဗေဒ အခန်းကဏ္ဍသည် များစွာအရေးပါ ပါတယ်။ လူ့အသုံးအဆောင် ပစ္စည်းများ ဖြစ်သည့် ရေမွှေး၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ အလှကုန်များ ( Cosmetics )၊ သွားတိုက်ဆေး၊ စိုက်က်ပျိုးရေး လုပ်ငန်းသုံး အနေဖြင့် ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများ၊ ရွက်လှဆေးများ၊ အပင်များ ပွင့်စေ၊ သီးစေနိုင်သော ဆေးများ၊ စက်ရုံအလုပ်ရုံများတွင် မှန်ချက်လုပ်ခြင်း၊ အိမ်ခေါင်မိုးသွပ်များ၊ အိမ်သုတ်ဆေးများ၊ သတ္တုအရောင်တင်ခြင်း၊ သတ္တုစပ်များ ပြုလုပ်ခြင်း၊ ပလပ်စတစ် စက်ရုံများ၊ စက္ကူ စက်ရုံများ၊  ပန်းကန်ခွက်ယောက် ဇွန်းခရင်း စက်ရုံများ၊ ချည်မျှင်နှင့် အထည် စက်ရုံများ၊ ဖိနပ်စက်ရုံများ၊ သားရေစက်ရုံများ၊  နို့ဆီချက် စက်ရုံများ၊ ကြွေထည် မြေထည် စက်ရုံများ၊ တာရှည်ခံ အစားအစာ စက်ရုံများ၊ ရေသန့် စက်ရုံများ၊ ဘီယာချက် စက်ရုံများ၊ အရက်ချက် စက်ရုံများ၊ သံရည်ကျိုချက် စက်ရုံများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စက်ရုံများ၊ ဖယောင်း လုပ်ငန်း၊ အဖျော်ယမကာ စက်ရုံများ၊  ဆေးပညာရပ်တွင် ဓာတုရှု့ထောင့်မှ သဘာဝ အပင်များနှင့် ဓာတုဒြပ်ပေါင်းများမှ ဆေးဝါးများ ဖော်စပ်ခြင်း၊ နျူကလီးယား ဓာတုရှု့ထောင့်မှ ကျောက်ဖြစ်ရုပ်ကြွင်းများ၏ သက်တမ်း၊ ကမ္ဘာမြေကြီးသက်တမ်း တွတ်ချက်ခြင်း၊ ကမ္ဘာပေါ်တွင် သဘာဝလောင်စာ ရှားပါးလာမှု့ကို ဖြေရှင်းပေးနိုင်သော နျူကလီးယား ဓာတ်ပေါင်းဖိုများ၊ ရေဒီယို သတ္တိကြွ အိုက်ဆိုတုပ်များ ဆေးပညာရပ်တွင် အသုံးပြုခြင်း၊ စသည်ဖြင့် ဓာတုဗေဒ ဘာသာရပ်သည် လူမှု့ပတ်ဝန်းကျင်နှင့် များစွာ ဆက်နွယ်မှု့ ရှိသည်။ ထို့အတွတ် ဘလော့ကို ဓာတုရပ်ဝန်း လို့ အမည်တွင် စေခဲ့ပါတယ်။
ဘလော့ကို 7/10/2010 ရက်နေ့မှာ စတင်ဖန်တီး ခဲ့ပါတယ်။ ကျွန်တော်ကတော့ ကလောင်ရှင် Maung Chemပါ။ ဘလော့အမည်နဲ့ ကလောင်နာမည်ကို မမျှော်လင့်ပဲ ကင်ပွန်းတပ် အကောင်ထည် ဖော်နိုင်ခဲ့တာပါ။ ဓာတုဗေဒ ဘာသာရပ်နဲ့ ပတ်သတ်ပြီး၊ မြန်မာလို ဖတ်ရှု့နိုင်အောင် မိမိသိရှိထားတဲ့ အကြောင်းအရာတွေကို ပြန်လည် မျှဝေချင်တဲ့ ဆန္ဒနဲ့ သန္ဓေတည်ကာ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ဘလော့ ရေးသားရခြင်း ရည်ရွယ်ချက်ကတော့ ဓာတုဗေဒအခြေခံ သိရှိစေလိုခြင်း၊ ဓာတုဗေဒ အကြောင်းတွေကို ဗဟုသုတရစေရန် အလို့ဌာ ရည်ရွယ်ကာ ရေးသားလိုက်ပါတယ်။ Maung Chem ကပရော်ဖက်ဆာ တစ်ယောက် မဟုတ်သလို၊ သိပ္ပံပညာရှင် တစ်ယောက်လည်း မဟုတ်ပါဘူး။ Maung Chem သိတာလေးတွေကို မျှဝေပေးနေခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်သူ မိတ်ဆွေများက Maung Chem လိုအပ်ချက်များ၊ အမှားများကို၊ ထောက်ပြ၊ ဆွေးနွေး ပြင်ဆင်ပေးနိုင်ပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိလာကြတဲ့ စာဖတ်ပရိသတ်များ၊ ဓာတုဗေဒ လေ့လာနေသော ကျောင်းသား လူငယ်များ ဓာတုရပ်ဝန်းမှ အသိပညာ၊ ဗဟုသုတ တိုးပွားစေလျှင် ကျွန်တော် Maung Chem ၀မ်းသာပီတိ ဖြစ်ရမှာပါ။
ကျွန်တော်အား ပညာမွေပေးခဲ့ကြသော မွေးမိခင်ဖခင်နဲ့ ကျေးဇူးရှင် အဘိုး၊ အဘွား၊ အဒေါ် တို့အားလည်းကောင်း၊ ကျွန်တော့်အား နားလည်တတ်ကျွမ်းအောင် သင်ကြားပေးခဲ့သော ဆရာကြီး/ ဆရာမကြီး များအား အထူးကျေးဇူးတင် ရှိပါကြောင်း ...
ကျွန်တော့် ဘလော့မှာ လာရောက်အားပေး ဖတ်ရှု့သည့် စာဖတ်ပရိသတ်ကြီးနှင့်၊ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ထပ်လောင်းပြောကြားရင်း ...
Maung ChemChemistry Field
 
Maung Chem

1 comments:
ကျေးဇူးပါ
Post a Comment