ဒီတစ်ပတ် စိတ်ဝင်စားစရာ တင်ပြမယ့် အကြောင်းအရာလေးကတော့ လစ်တမတ်စက္ကူ ( Litmus Paper ) အကြောင်းလေးပါပဲ။ သူနဲ့ပတ်သတ်ပြီး အမှတ်ရစရာလေးတွေ ရှိခဲ့ပါတယ်။ ပြောရမယ် ဆိုရင်တော့ ကော်တော်ခေါင်းစားစေခဲ့တဲ့ မေးခွန်းတွေပေးခဲ့လို့ပါပဲ။ အကြောင်းကတော့ အနီနဲ့ အပြာနှစ်ခုတည်းနဲ့ ဘယ်ဟာဖြေရမှန်းမသိ စိတ်ရှု့ပ်စေခဲ့တာပါ။ စာထဲမှာဖတ်ရလို့သာ သူနဲ့ ရင်းနှီးခဲ့ရတာပါ။ ဒါပေမယ့် မမြင်ဘူးခဲ့ပါဘူး။ မျက်စိမှတ်ပြီး ကျက်ခဲ့ရတာပါ။ လစ်တမတ်စက္ကူရဲ့ အသုံးဝင်ပုံကတော့ အက်စစ်နဲ့ ဗေ့စ်ကို ခွဲခြားပြသနိုင်ခြင်းပါပဲ။ လစ်တမတ်စက္ကူသည် အက်စစ်တွင် အနီရောင်သို့ပြောင်းစေပြီး၊ ဗေ့စ်တွင် အပြာရောင်သို့ ပြောင်းစေသည်။
ကြာပန်းပုံပြင်
0
Posted by
Maung Chem
|
Tuesday, November 23, 2010
ရှေးဒဏ္ဍာရီပုံပြင်ထဲက မှော်ရေကန်ကြီးဆီ စာဖတ်ပရိသတ်တွေကို ခေါ်ဆောင်သွားပါမယ်။ မှော်ရေကန်ဆိုတာ တစ်ခုခုတော့ ထူးခြားလိမ့်မယ်ဆိုတာ စာဖတ်သူ တွေးမိမှာ အမှန်ပါပဲ။ အဲဒီမှော်ရေကန်လေးကို မှော်ဆရာကြီးတစ်ဦးက ထူးခြားတဲ့စွမ်းအားတွေနဲ့ စီမံပြုလုပ်ခဲ့တာပါ။ နှစ်ပေါင်းများစွာကြာသွားတဲ့အခါမှာ အဲဒီမှော်ရေကန်ကြီးဆီကို မင်းသမီးလေးတစ်ပါး အခြွေအရံတွေနဲ့ လမ်းမှားပြီးရောက်လာပါတယ်။ ရေကန်ကြီးက အေးမြကြည်လင်နေတာမို့ မင်းသမီးလေး နှစ်သက်သဘောကျသွားပါတယ်။ မင်းသမီးလေးက ကြာပန်းတွေနဲ့သာဆိုရင် ရေကန်ကြီး ဒီထက်ပိုလှသွားလိမ့်မယ်လို့ တွေးမိတာနဲ့ အခြွေအရံတွေကို ကြာပန်းစိုက်ဖို့ ပြောကြားလိုက်ပါတယ်။
ဓာတ်ရောင်ခြည် အန္တာရာယ်မှ ကာကွယ်ခြင်း
0
Posted by
Maung Chem
|
Sunday, November 21, 2010
ရေဒီယိုသတ္တိကြွ အိုက်ဆိုတုပ်များနှင့် ထိတွေ့နေကြရသော နျူကလီးယားဓာတ်ပေါင်းဖို လုပ်သားများ၊ သုတေသနပြုနေသူများ ယူရေနီယမ် မိုင်းတွင်းလုပ်သားများ၊ အများပြည်သူများ ရေဒီယိုသတ္တိကြွ အန္တာရာယ် ( Radiation Hazard ) မှ ကာကွယ်နိုင်ရန် နည်းလမ်းများမှာ -
၁။ ရေဒီယို သတ္တိကြွ အရာများနှင့် ထိတွေချိန်
၂။ ရေဒီယို သတ္တိကြွ အရာများနှင့် အကွာအဝေး
၃။ ရေဒီယို သတ္တိကြွ အကာအကွယ် ပစ္စည်း တို့ဖြစ်သည်။
၁။ ရေဒီယို သတ္တိကြွ အရာများနှင့် ထိတွေချိန်
၂။ ရေဒီယို သတ္တိကြွ အရာများနှင့် အကွာအဝေး
၃။ ရေဒီယို သတ္တိကြွ အကာအကွယ် ပစ္စည်း တို့ဖြစ်သည်။
နာရီဝက်
0
Posted by
Maung Chem
|
Wednesday, November 17, 2010
ဘားကောင်တာသို. 'ဂျိန်းစ်ဘွန်း' လျှောက်လာသည်။ ကုလားထိုင်တစ်ခုတွင် ၀င်ထိုင်လိုက်ပြီး မာတီနီ မှာသောက်သည်။ ဘေးကုလားထိုင်တွင် မိန်းမချောလေး တစ်ယောက်။ သူမ ကို ဂျိန်းစ်ဘွန်း လုံးဝ ဂရုမစိုက် ။ လက်တွင် ပတ်ထားသော မိမိနာရီကိုသာ မကြာခဏ ကြည့်နေသည်။ အမျိုးသမီး စိတ်ဝင်စားလာပြီး မေးသည်။
" ဘာလဲ ... မိတ်ဆွေ အမျိုးသမီး နောက်ကျနေသလား"
"မဟုတ်ပါဘူး။ နောက်ဆုံးပေါ်နာရီကို ကြည့်မ၀ဖြစ်နေလို့ပါ"
" ဘာလဲ ... မိတ်ဆွေ အမျိုးသမီး နောက်ကျနေသလား"
"မဟုတ်ပါဘူး။ နောက်ဆုံးပေါ်နာရီကို ကြည့်မ၀ဖြစ်နေလို့ပါ"
Periodic Table Classic
0
Posted by
Maung Chem
|
Tuesday, November 16, 2010
အက်တမ် အလှည့်ကျဇယားရှိ ဒြပ်စင်များ၏ solid, liquid, gas, alkali, alkaline earth metal, halogen, transition metal, nobel gas, metals, non-metals, metalloids စသည့် အက်တမ်အလှည့်ကျဇယား အကြောင်း ပြည့်ပြည့်စုံစုံ ရှင်းလင်းထားသည်။ ဒြပ်စင်တစ်ခုချင်းစီ၏ အသွင်အပြင်နှင့် အီလက်ထရွန် တည်ဆောက်ပုံကို ပုံနှင့် တကွ ဖော်ပြနိုင်သည်။ နိုင်ငံအလိုက် တွေ့ရှိနိုင်သော ဒြပ်စင်များကိုလည်း သိရှိနိုင်သည်။
ဒီမှာဒေါင်းပါ။
ဒီမှာဒေါင်းပါ။
ကြက်သွန်နီ
0
Posted by
Maung Chem
|
Sunday, November 14, 2010
ကြက်သွန်နီသည် ခန္ဒာကိုယ်ထဲမှ နှလုံးရောဂါနှင့် လေဖြတ်ခြင်း ဖြစ်ပွားစေသည့် မကောင်းသော ကိုလက်စထရောလ်များကို ကူညီစွန့်ထုတ်ပေးပြီး၊ တစ်ချိန်တည်းမှာ နှလုံးရောဂါကို တိုက်ဖျက်ပေးသည့် ကောင်းသော ကိုလက်စထရောလ်များကို ထိန်းသိမ်းနိုင်ခြင်းတို့သည် နှလုံးရောဂါကို ကာကွယ်နိုင်ကြောင်း တရုတ်သုတေသီများက ထုတ်ဖော်ကြေငြာလိုက်သည်။
အဲလောက် ချစ်တာ
0
Posted by
Maung Chem
|
Thursday, November 11, 2010
ဆေးရုံတွင် ကလေးတစ်ယောက် အင်မတန် ရိုက်ကြီးတငင် ငိုကြွေးနေသည်။ သူနာပြုတစ်ယောက်က ထိုကလေး အနားတိုးကပ်ပြီး နှစ်သိမ့်ပေးသည်။ ကလေးဘာလို့ ငိုနေတာလဲ။ တိတ်ပါကွယ်။ ကလေးက အတန်းပိုင်ဆရာမ သုံးထပ်ဆောင်မှ မတော်တဆ ပြုတ်ကျသွားကြောင်း။ သြော် သားက သားဆ၇ာမအတွတ် ၀မ်းနည်းနေတယ် ထင်တယ်။ ဟုတ်။ သားအရမ်း ၀မ်းနည်းပါတယ်။ "ဆရာမ အပေါ်ထပ်ကနေ ပြုတ်ကျသွားတာ သားတစ်ယောက်ပဲ မမြင်လိုက်ရလို့ပါ"
သင့်စရိုက်
0
Posted by
Maung Chem
|
Sunday, November 7, 2010
၁။ယဉ်ကျေးသူ ………………..အီးမပေါက်ခင် "ခွင့်ပြုပါနော်" ဟုပြောပြီး၊ အီးပေါက်ပြီးသောအခါ "ဆောရီး" ဟုပြောတတ်သူ။
၂။ မရိုးသားသူ………………….ကိုယ်က အီးပေါက်သော်လည်း ၀န်မခံပဲ "ကျွန်တော့် ခွေးလက်ချက်ပေါ့" ဟုလွှဲချတတ်သူ။
၃။ မိုက်မဲသူ…………………….အီးပေါက်ချင်သော်လည်း မပေါက်ပဲ အံတင်းကြိတ်မှိတ် အောင့်ထားသူ။
၎။ ဗဟုသုတကြွယ်ဝသူ………ဘယ်အချိန် ဘယ်နေရာတွင် အီးပေါက်ရမလဲ သိသူ။
၅။ ဒုက္ခသည်…………………..အီးအလွန် ပေါက်ချင်သော်လည်း ပေါက်၍ မရနိုင်ပဲ အားမလိုအားမရ ဖြစ်နေသူ။
၆။ အုံ့ပုန်း………………………လက်သည်မပေါ်အောင် (သို့) သူ့လက်ချက်မှန်း ဘယ်သူမှမသိအောင် အီးပေါက်သူ။
၂။ မရိုးသားသူ………………….ကိုယ်က အီးပေါက်သော်လည်း ၀န်မခံပဲ "ကျွန်တော့် ခွေးလက်ချက်ပေါ့" ဟုလွှဲချတတ်သူ။
၃။ မိုက်မဲသူ…………………….အီးပေါက်ချင်သော်လည်း မပေါက်ပဲ အံတင်းကြိတ်မှိတ် အောင့်ထားသူ။
၎။ ဗဟုသုတကြွယ်ဝသူ………ဘယ်အချိန် ဘယ်နေရာတွင် အီးပေါက်ရမလဲ သိသူ။
၅။ ဒုက္ခသည်…………………..အီးအလွန် ပေါက်ချင်သော်လည်း ပေါက်၍ မရနိုင်ပဲ အားမလိုအားမရ ဖြစ်နေသူ။
၆။ အုံ့ပုန်း………………………လက်သည်မပေါ်အောင် (သို့) သူ့လက်ချက်မှန်း ဘယ်သူမှမသိအောင် အီးပေါက်သူ။


