အနျူမြူ ဓာတုဗေဒ
0
Posted by
Maung Chem
|
Monday, October 25, 2010
အက်တမ် တစ်ခုလုံးသည် နျူကလိယက်စ်ထက် အဆပေါင်း တစ်သောင်းနီးပါး ကြီးမားသည်။ ထိုမျှလောက် သေးငယ်သော နျူကလိယက်စ်မှ ရေဒီယိုသတ္တိကြွ ရောင်ခြည်များနှင့် နျူကလီးယားဗုံး ပေါက်ကွဲရာမှ အံ့မခန်းကြီးကျယ် များပြားလှသော စွမ်းအင်များ ထွတ်ရှိနိုင်သည်။ နျူကလီးယား ဓာတ်ပြုခြင်းများတွင် မြောက်များလှစွာသော စွမ်းအင်များ ထုတ်လွှတ်ပြီး၊ နျူကလိယက်စ်များ ဖွဲ့စည်းပုံ ပြောင်းလဲသွားခြင်းနှင့်အတူ ဒြပ်စင်များပါ ပြောင်းလဲသွားကြသည်။ နျူကလီးယား ဓာတ်ပြုခြင်းများ နှင့်နျူကလိယက်စ်ကို လေ့လာသော ဓာတုဗေဒ ဘာသာရပ်ခွဲကို နျူကလီးယား ဓာတုဗေဒဟုခေါ်သည်။
ဓာတ်မှန်ရိုက်ခြင်း
0
Posted by
Maung Chem
|
Saturday, October 23, 2010
ဗဟုသုတ အနေနဲ့ရော ဆေးပညာလောကမှာပါ အရေးပါတဲ့၊ ရင်းနှီးပြီးသား အကြောင်းအရာလေး ဆွေးနွေးခြင်ပါတယ်။ တခြားမဟုတ်ပါဘူး ဓာတ်မှန်ရိုက်ခြင်းပါပဲ။ လူတိုင်းနီးပါး ဓာတ်မှန်ရိုက်ဖူး ကြပါတယ်။ လုံခြုံရေး အထူးတာဝန် ယူထားရသော နေရာများတွင် လက်နက်များ နှင့် ဖောက်ခွဲရေး ပစ္စည်းများ လှို့ဝှက်သယ်ဆောင်လာမှု့၊ ကိုယ်တွင်းအင်္ဂါများ ကြည့်ရှု့ရာတွင်လည်းကောင်း၊ အရိုးကျိုးခြင်း၊ စသည့် သာမန်မျက်စိဖြင့် မမြင်နိုင်သော အချက်အလက်များကို X-ray ရောင်ခြည် အကူအညီ ဖြင့်သိနိုင်သည်။
Upward Reaction
0
Posted by
Maung Chem
|
Wednesday, October 20, 2010
ကျွန်တော် ဘလော့မရေးဖြစ်တာ အတော်ကြာသွားတဲ့အတွတ် လာရောက်လာပတ်တဲ့ သူငယ်ချင်း မိတ်ဆွေများကို ဦးစွာတောင်းပန်လိုက်ပါတယ်။ အကြောင်းကတော့ Maung Chem ကိုယ့်ဘလော့ ဒီဇိုင်းကို လန်းချင်တာနဲ့ ပြင်လွန်းတော့ ရေးမရတော့လို့ သူငယ်ချင်း တစ်ယောက်ကို အကူအညီတောင်း လိုက်ရတယ်။ ရေးမယ်လို့စဉ်းစားလိုက်တော့ ဟာသတစ်ခုသွားတွေ့တယ်။ ကျွန်တော် ၉၊ ၁၀ တန်းတွေကို ဓာတုသင်ပေးပါတယ်။ ကျောင်းသားတွေကို စာမေးရင်း သူတို့ပြန်ဖြေတဲ့ ဟာသလေးတွေကို ရေးဖို့ အကြံရသွားတယ်။
ပန်းသီး ဖျော်ရည်
0
Posted by
Maung Chem
|
Tuesday, October 19, 2010
ပန်းသီးဖျော်ရည် ပုံမှန် သောက်သုံးပေးပါက အသက်အရွယ် ရလာသည့်အခါ အသားအရေတွန့် ခြင်းနှင့် အယ်လ်ဇိုင်းမား ရောဂါဖြစ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ကြောင်း အမေရိကန် သုတေသန ပညာရှင်များ၏ လေ့လာတွေ့ ရှိချက်တွင် ဖော်ပြထားပါသည်။ ပန်းသီးဖျော်ရည်တွင် ပါဝင်သော ဓာတ်ပေါင်းများက ခန္ဓာကိုယ် အရေပြားဆဲလ်များနှင့် တစ်သျှူးများကို အမြဲတမ်း သန်စွမ်းစေရန် အထောက်အပံ့ပေးကြောင်း ပညာရှင်များက ပြောကြားသည်။
ခရမ်းချဉ်သီး
0
Posted by
Maung Chem
|
Monday, October 18, 2010
ခရမ်းချဉ်သီးတွင် ဗီတာမင်-ဘီ၊ ဗီတာမင်-စီ၊ အမျှင်ဓာတ်၊ ပိုတတ်စီယမ် သတ္တုဓာတ်များနှင့် ရေဓာတ် ပါဝင်ပါတယ်။ ထို့ပြင် ခရမ်းချဉ်သီးတွင် lycopene ဟုခေါ်သည့် ဓာတ်တိုးဆန့်ကျင်ပစည်း Antioxidant ပါဝင်တာကြောင့် ကင်ဆာရောဂါ ကာကွယ်နိုင်တယ် လို့ဆိုပါတယ်။ Lycopene ဓာတ်သည် ခရမ်းချဉ်သီးကို အနီရောင်ဖြစ်စေသော ဓာတ်တစ်မျိုးဖြစ်ပြီး၊ ခရမ်းချဉ်သီး အရောင်ရင့်လေ lycopene ဓာတ်ပိုမိုပါဝင်လေ ဖြစ်သည်။
အက်စစ်မိုး
0
Posted by
Maung Chem
|
Sunday, October 17, 2010
" မိုးရွာရင်၊ မိုးရေချိုးမယ်။
မေမေလာရင်၊ နို့စို့မယ်။
ဖေဖေလာရင်၊ အုန်းသီးခွဲစားမယ်။ "
ဒီကဗျာလေးကတော့ ကလေးဘ၀မှာ မိုးရွာထဲ ပျော်ပျော်ပါးပါး၊ အော်ဆို ခဲ့ကြတာပါ။ ကလေး ဘ၀မှာ မိုးရွာရင် တော်တော် ပျော်ပါတယ်။ မိုးရွာထဲမှာ သီချင်းတွေ အော်ဟစ် သီဆိုရင်း၊ ခုန်ပေါက် ဆော့ကစား ခဲ့ကြတာပါ။ မိုးသီးတွေ ကျရင် အလုအယက် ပြေးကောက်ရင်း စားခဲ့ကြပါတယ်။ အဖွား ကဆိုရင် မျက်စဉ်းတောင် ခပ်လိုက် ပါသေးတယ်။ စာဖတ်သူ့ တွေးဖူးလား မသိဘူး။ Maung Chem တော့ မိုးနဲ့ ပတ်သတ်ပြီး၊ အတွေးတစ်ခု တွေးခဲ့ဘူးတယ်။ မိုးတွေဟာ ဟိုးကောင်းကင် အဝေးကြီးက မိုးတိမ်ကြီး တွေကနေ ကျလာဆိုတာပဲ သိတယ်။ ကောင်းကင်ကြီးက ဘယ်လောက် မြင့်တယ်၊ မိုးဘာကြောင့် ရွာတယ်ဆိုတာ မသိပါဘူး။ Maung Chem တွေးတာက ကောင်းကင်ကကျလာတဲ့ မိုးရေတွေဟာ သန့်မယ် ဆိုတာပါပဲ။
Periodic Table of the Elements
0
Posted by
Maung Chem
|
Friday, October 15, 2010
အက်တမ်တစ်ခုချင်းစီ၏ အက်တမ်အမှတ်စဉ်၊ အက်တမ်အမျိုးစား၊ အက်တမ်အလေးဆ၊ အရည်ပျော်မှတ်၊ အခဲပျော်မှတ်၊ အီလက်ထရောနစ် တည်ဆောက်ပုံ၊ သိပ်သည်းဆ၊ valence စသည်အကြောင်းအရာများ သိရှိနိုင်သော ဆော့ဝဲဖြစ်သည်။
ဒီမှာဒေါင်းပါ။
ဒီမှာဒေါင်းပါ။
နိုဘယ်လ်ဆု
0
Posted by
Maung Chem
|
Wednesday, October 13, 2010
Alfred Nobel ( 1833-1896 ) |
စာဖတ်ပရိသတ်များ ဗဟုသုတ အလို့ဌာ နိုဘယ်လ်ဆု ပေါ်ပေါက်လာပုံ (သို့) အဲဖရက် နိုဘယ်လ် (Alfred Nobel) အကြောင်း ရေးသား လိုက်ပါတယ်။အဲဖရက် နိုဘယ်လ်ကို ပထမဆုံး ဒိုင်းနမိုက် တီထွင်သူ၊ နိုဘယ်လ်ဆု ချီးမြှင့်ခဲ့သူ အဖြစ် လူသိများပါတယ်။ အဲဖရက် နိုဘယ်လ်ဟာ စက်မှု့ ပညာရှင်၊ ဓာတုပညာရှင်၊ တီထွင်သူ တစ်ယောက် ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းမှာ ပြုလုပ် ရယူ ထားတဲ့ ( Synthetic Element ) ဒြပ်စင် တစ်ခုရဲ့ အမည်ကို အဲဖရက် နိုဘယ်လ်အား ဂုဏ်ပြူသော အားဖြင့် နိုဘယ်လ်လီယမ် ( Nobelium ) လို့ သတ်မှတ်ခဲ့ ပြန်ပါသေးတယ်။
အိုင်းစတိုင်း
0
Posted by
Maung Chem
|
Monday, October 11, 2010
Albret Einstein ( 1879 - 1955 ) |
ကျောင်းမှာ စာမတော်ပေမယ့် အလင်းနဲ့အချိန်ကို တွေးနိုင်သူ၊ သူ့တွေ့ရှိချက်ကြောင့် အနျူမြူ ဗုံးဖြစ်ခဲ့ပေမယ့်၊ ငြိမ်းချမ်းရေးသမား တစ်ယောက် ဖြစ်ခဲ့တဲ့၊ ဂျာမနီနိုင်ငံသား သိပ္ပံပညာရှင်ကြီး၊ နိုင်ငံကျော် ရူပဗေဒ ပါရဂူ အဲလ်ဘတ် အိုင်းစတိုင်း အကြောင်းပဲ ဖြစ်ပါတယ်။ ဆံပင်တွေထောင်ထား၊ အသိခက် ပုံသေနည်းတွေထုတ်ပြီး၊ လျှာကို သွင်းချည်ထုတ်ချည်လုပ် ကိုယ်နေတဲ့နေရာကို မေ့နေတတ်တဲ့သူပါပဲ။ အဲလ်ဘက် အိုင်းစတိုင်းကို ၁၈၇၉ ခုနှစ် ဂျာမနီတောင်ပိုင်း မှာမွေးပါတယ်။ သူ့မှာ စာဖတ်ခက်ပြီး၊ ထုံထိုင်းသူလို့ ဆိုပါတယ်။ ဒါပေမယ့် သူ့မှာ တခြားကလေးတွေနဲ့ မတူတာက ကွဲပြားတဲ့ အသိဥာဏ် ရှိတာပါ။ ၉နှစ် အထိ အိုင်းစတိုင်းဟာ စကားပြောခဲပါတယ်။
Periodic Table
0
Posted by
Maung Chem
|
Sunday, October 10, 2010
ကျွန်တော်ကတော့ ဓာတုဗေဒရဲ့ အသက်လို့ ဆိုချင်ပါတယ်။ တစ်ခြား မဟုတ်ပါဘူး ဓာတုဗေဒ သင်ယူသူတိုင်း ရင်းနှီးပြီးသားပါ။ ဓာတုဗေဒ လေ့လာနေသူတိုင်း မရှိမဖြစ်၊ မသိမဖြစ်တဲ့ ဇယားလေးပါ။ မြန်မာလို အက်တမ် အလှည့်ကျဇယား လို့ခေါ်တဲ့ Periodic Table လေးပါပဲ။ ဒြပ်စင် ( Elements ) တွေကို ဂုဏ်သတ္တိအရည်အသွေး တူရာအလိုက် စုစည်း ထည့်သွင်းထားခြင်းမျှသာ။
![]() |
Mendeleev |
ဓာတုဗေဒ
0
Posted by
Maung Chem
|
Friday, October 8, 2010
Maung Chem ပို့စ်အသစ် စတင်မယ်စဉ်းစားတော့ ဘယ်ခေါင်းစဉ်ကို အရင်ရေးရမလဲ ? တော်တော် စဉ်းစား လိုက်ရတယ်။ နောက်မှ အတွေး ပေါက်သွားတာက ကိုယ်ရေးတဲ့ ဘလော့နဲ့လဲ သက်ဆိုင်၊ တော်တော်လေး အခြေခံကျတဲ့ မေးခွန်းလေး သွားတွေ့တယ်။ ဒါကတော့ ဓာတုဗေဒဆိုတာ ဘာလဲ ? ခုစာဖတ်နေသူလဲ ဓာတုဗေဒနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဓာတုဗေဒ ဆိုတာ ဘာလဲဆိုတော့ ဓာတုဗေဒပဲပေါ့ လို့ဖြေရုံနဲ့ ပြီးပြည့်စုံတဲ့ အဓိပ္ပာယ်ရှိတဲ့ မေးသူ ကျေနပ်လောက်စရာ အဖြေမဖြစ်နိုင်ပါဘူး။
မိတ်ဆက်
1
Posted by
Maung Chem
|
Thursday, October 7, 2010
Chemistry Field " ဓာတုရပ်ဝန်းဘလော့ " ကိုရောက်လာကြတဲ့ မိတ်ဆွေများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ပဏာမနှုတ်ခွန်း ဆက်သလိုက်ပါတယ်။ ဓာတုရပ်ဝန်းလို့ အဓိပ္ပာယ်ဖွင့်ဆိုရခြင်း ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဓာတုနဲ့ကင်းတဲ့ အရာရယ်လို့ မရှိပါဘူး။ All matter is made up of atoms. လို့ အင်္ဂလိပ် ဓာတုသိပ္ပံပညာရှင် John Dalton ကဆိုခဲ့ပါတယ်။