အက်တမ်အလေးဆ

0
| Sunday, February 27, 2011
ဟိုက်ဒြိုဂျင် စကေး
John Dalton
John Dalton က အက်တမ်တစ်ခု၏ အက်တမ်အလေးဆ သည် ယင်းအက်တမ်၏ အလေးချိန်ကို ဟိုက်ဒြိုဂျင် အက်တမ်တစ်ခု၏ အလေးချိန်နှင့် စား၍ရသော ကိန်းဖြစ်ကြောင်း သတ်မှတ်ခဲ့သည်။ ဒြပ်စင်တစ်ခု၏ အလေးဆ ဆိုသည်မှာ ယင်းအက်တမ်၏ အလေးချိန်သည် ဟိုက်ဒြိုဂျင်အက်တမ်တစ်ခု၏ အလေးချိန်နှင့် နှိုင်းယှဉ်လျှင် မည်မျှရှိကြောင်း သိနိုင်သည်။ ထို့ကြောင့် ဟိုက်ဒြိုဂျင် အက်တမ်တစ်ခု၏ အလေးချိန်ကို အက်တမ်အလေးဆ ယူနစ်အဖြစ် သတ်မှတ်သည်။ ဤသို့သတ်မှတ်ရာတွင် Dalton သည် ဟိုက်ဒြိုဂျင်အက်တမ်တစ်ခု၏ အလေးချိန်ကို 1 a.m.u ( atomic mass unit ) အဖြစ်စံယူခဲ့သည်။

Malware ကင်းရှင်းကြောင်း

0
| Saturday, February 26, 2011

ရှေ့ပြောနောက်ကြည့်

0
|
"ဘာလို့ အလုပ်က ထွက်လာတာလဲ"

"သူဌေးက အပြောအဆိုမတတ်လို့ပါ"

"ဟေ... ဘယ်လိုပြောလို့လဲ"

"ကျွန်မကို သိပ်လှတာပဲတဲ့"

မိုး အယူအဆ

0
| Friday, February 25, 2011
ကျွန်တော်တို့ လူသားများ နေ့စဉ် လုပ်ငန်းဆောင်တာများတွင် လုပ်ငန်းများ လွယ်ကူအဆင်ပြေစေရန် အခြေခံယူနစ်များ သတ်မှတ် သုံးစွဲကြသည်။ လက်လီ၊ လက်ကား အရောင်းဆိုင် တစ်ဆိုင်တွင် စာအုပ်ဝယ်ပါက သင့်ကို ဘယ်နှဒါဇင်ယူမလဲ ဟုသာမေးပေလိမ့်မည်။ ထိုအခါ သင်အလိုရှိသလောက် ငါးအုပ်၊ တစ်ဒါဇင်၊ သုံးဒါဇင် စသည်ဖြင့် ပြောသောအခါ အရောင်းစာရေးက တစ်ဒါဇင်ဈေးနှုန်းမှ သင်ဝယ်သော ပစ္စည်းအရေအတွတ်ဈေးကို ပြောပေလိမ့်မည်။ ဆိုလိုသည်မှာ အရောင်းစာရေးသည် တစ်ဒါဇင်ဈေးနှုန်းသာ မှတ်သားထားသည်။ စာအုပ်တစ်ဒါဇင်ဈေးနှုန်း ၁၂၀၀ ကျပ်ဖြစ်ပါက၊ စာအုပ် ငါးအုပ်လျှင် ၅၀၀ ကျပ်၊ သုံးဒါဇင်သည် ၃၆၀၀ကျပ် ဖြစ်ပေလိမ့်မည်။ 

မာစတာ Key

0
|
သူငယ်ချင်းတစ်သိုက် စကားလက်ဆုံကျ နေကျသည်။ ငါတို့ယောက်ျားတွေက မိန်းမတွေနဲ့ ထည်လဲ အိပ်တော့
****ယောက်ျားကောင်း မောင်းမတစ်ထောင်**** လို့ဆိုတယ်။ မိန်းခလေးတွေ ယောက်ျား တစ်ယောက်ထက်များ ပိုအိပ်မိလို့ကတော့ မကောင်းတဲ့ မိန်းမ။ ကြေးစားမတဲ့။ မိန်းခလေးတွေ အပေါ်မတရားဘူး ထင်တယ်ကွ။ 

အနျူမြူ စည်းနှောင်စွမ်းအင်

0
| Thursday, February 24, 2011
နျူကလီးယားသည် ပရိုတွန်၊ နျူထရွန်၊ အီလက်ထရွန်တို့ဖြင့် ဖွဲ့စည်းထားသော အက်တမ်၏ အတွင်းပိုင်း နျူကလိယက်စ်ကို လေ့လာသော ဘာသာရပ် ဖြစ်သည်။ အက်တမ်၏ နျူကလိယက်စ်တွင် နျူကလီယွန် ( Nucleons ) များ ဖြစ်သည့် လျှပ်စစ်ဓာတ်မရှိသော နျူထရွန်နှင့် လျှပ်စစ်ဓာတ်ဖိုသတ္တိဆောင် ပရိုတွန်များ စုဝေးနေပြီး၊ ဓာတ်မဆောင် အီလက်ထရွန်များက လှည့်ပတ်နေကြသည်။ တူညီသော လျှပ်စစ်ဆောင် မှုန်များ တွန်းကန်ပြီး၊ မတူညီသော လျှပ်စစ်ဆောင်အမှုန်များ ဆွဲငင်သော လျှပ်စစ်သီအိုရီအရ နျူကလိယက်စ် အတွင်းရှိ ဓာတ်ဖိုဆောင်သော ပရိုတွန် အမှုန်များသည်လည်း အချင်းချင်းတွန်းကန်နေကြသည်။ သို့သော် အဘယ်ကြောင့် နျူကလိယက်စ်အတွင်း ပရိုတွန်များ စုဝေးနေနိုင်ကြသနည်း ? 

ပရိုတွန်၊ နျူထရွန်၊ အီလက်ထရွန် ရှာနည်း

0
| Wednesday, February 23, 2011
အက်တမ်သည် လျှပ်စစ်ဓာတ်ဖိုဆောင် ပရိုတွန်၊ လျှပ်စစ်ဓာတ်မဲ့ နျူထရွန်နှင့် လျှပ်စစ်ဓာတ်မဆောင် အီလက်ထရွန်များဖြင့် ဖွဲ့စည်းထားသည်။ နျူကလီယွန်များ ဖြစ်သည့် ပရိုတွန်နှင့် နျူထရွန်များသည် နျူကလိယက်စ်တွင်း စုဝေးနေပြီး၊ အီလက်ထရွန်များက လှည့်ပတ်နေကြသည်။ လူတိုင်းနာမည် ရှိသကဲ့သို့ အက်တမ်တိုင်း အက်တမ်အမှတ်စဉ်နှင့် အမည်ကိုယ်စီ ရှိကြသည်။ အက်တမ်အမှတ်စဉ် ( Atomic number ) သိလျှင် အက်တမ်အမည်ကို သိရှိနိုင်သည်။


အသားဓာတ်

0
|
ဒီတစ်ခါ ကျွန်တော်တို့ ခန္ဓာကိုယ် တည်ဆောက်ပုံတွေမှာ တစ်ခန်းကဏ္ဌ ကပါဝင်တဲ့ ပရိုတန်းခေါ် အသားဓာတ် အကြောင်းလေးပါ။ ခန္ဓာတည်ဆောက်မှု့အတွတ် အဓိက လိုအပ်သော အသားဓာတ်ကို ပဲအမျိုးမျိုး၊ အသားအမျိုးမျိုး၊ ငါး၊ ဥများ၊ အသည်း၊ နို့ စသည်စားသုံးခြင်းဖြင့် ရရှိသည်။ ယခုအခါ ရဟန်းရှင် လူအချို့တို့သည် အကြောင်းအမျိုးမျိုးဖြင့် သက်သတ်လွတ်စားသုံးနေကြသည်။ ဆေးပညာရှင်များ အပါအ၀င် လူတော်တော်များများ သက်သတ်လွတ်စားခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်ကြောင်းကို သိမြင်လာကြပြီဖြစ်သည်။ ဥပုသ်သီတင်းသီလ စောင့်ထိန်းသူများသည် သက်သတ်လွတ်စားသုံးလေ့ရှိကြ၏။ အချို့မှာ ဥပုသ်မစောင့်စေကာမူ မိမိတို့ ယုံကြည်မှုအရ အခါအားလျော်စွာ သို့မဟုတ် အစဉ်အမြဲ သက်သတ်လွတ်စား နေကြသူများ လည်းရှိ၏။ အချို့ကလည်း မိမိကျန်းမာရေးအတွက် အသားငါး ကိုရှောင်ပြီး သက်သတ်လွတ်စားလေ့ရှိကြပါသည်။ 

ဗီတာမင် - E

0
| Tuesday, February 22, 2011
ဗီတာမင်တွေကို အဆီတွင်ပျော်ဝင်ခြင်းနဲ့ ရေတွင်ပျော်ဝင်ခြင်း ဆိုပြီး၊ နှစ်မျိုးခွဲရာ ဗီတာမင် A၊ D၊ E သည် အဆီတွင် ပျော်ဝင်သည်။ ဗီတာမင် - E သည် ဆီထုတ်ယူနိုင်သော နေကြာစေ့၊ မြေပဲ၊ သံလွင်ဆီနှင့် သင်္ဘောသီး၊ မုန်ညင်းစိမ်း၊ မုန်ညင်းဖြူ၊ ခရမ်းချဉ်သီး၊ ဟင်းနုနွယ်၊ ပဲပုပ်စေ့ စသည် စားသုံးခြင်းမှ ရရှိနိုင်ပါတယ်။ ဗီတာမင် - E နည်းတဲ့ရောဂါဆိုတာ ရှားပါတယ်။ အဆီကို စုပ်ယူနိုင်စွမ်းမရှိတဲ့ အခြေအနေ၊ မွေးဖွားစဉ် ကိုယ်အလေးချိန် မပြည့်ခဲ့ခြင်း၊ အူတွင်ရောဂါတခုခုရှိရင် ဆိုတာလောက်သာ ဖြစ်နိုင်ပါတယ်။ ဗီတာမင်မှန်သမျှ မရှိမဖြစ်လိုပေမဲ့ သာမန်လူသားတစ်ယောက် စားသုံးနေသော နေ့စဉ်အစားစာများတွင် လုံလောက်စွာ ပါဝင်ပါတယ်။ တန်ဆေး၊ လွန်ဘေး ဆိုသလို ဗီတာမင် - E များရင်လည်း မကောင်းပါဘူး။ ဆေးပညာအရ တနေ့ကို ၁၀၀၀ မီလီဂရမ်ထက် မပိုသင့်ပါဘူး။

နာနို

1
| Monday, February 21, 2011
နာနိုနည်းပညာတွင် သိပ္ပံပညာရှင်များက အက်တမ်များ၏ တည်ဆောက်ထားပုံ အနေအထားကို မိမိတို့ အလိုရှိသလို စိတ်ကြိုက် ရွှေ့ပြောင်း နေရာချထားကာ လူသားများ အလိုရှိသည့် ပစ္စည်းကိရိယာများ၊ အသုံးအဆောင် ပစ္စည်းများကို ဖန်တီးရယူမည် ဖြစ်သည်။ နာနို (Nano) သည် ဂရိဘာသာစကား နာနပ် (Nanus) မှ ဆင်းသက်လာပြီး၊ လူပုလေးဟု အဓိပ္ပာယ် ရသည်။ ယနေ့ခေတ် နာနိုနည်းပညာ ( Nanotechnology ) နဲ့ပတ်သက်တဲ့ နေရာတွေမှာ သုံးစွဲ လာကြပါတယ်။ Apple နှင့် Tata လို ကုမ္ပဏီကြီး တွေကလည်း သူတို့ရဲ့ ပစ္စည်းတွေကို အသေးငယ်ဆုံးနဲ့ နောက်ဆုံးပေါ် နည်းပညာတွေ သုံးထားတာကို ဖော်ပြချင်တဲ့ အတွက် နာနိုလို့ ပေးတတ်ကြပါတယ်။ နာနိုအရွယ်အစားပမာဏထိ သေးငယ်သွားတဲ့ အရာဝတ္ထုတွေမှာ ထူးခြားတဲ့ ဂုဏ်သတ္တိ ပေါ်ထွက်လာပါတယ်။ နာနိုနည်းပညာသည် ရုပ်ဝတ္တုပစ္စည်းများအား ပို၍သေးငယ်သွားစေရန်၊ အနုစိပ်သွားစေရန် ချဉ်းကပ်ဆောင်ရွက်ရာမှ ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ နာနိုစကေး အရွယ်အစား ဖြစ်သည့် မော်လီကျူးများ၊ အက်တမ်များအား မိမိတို့အလိုရှိရာ ဂုဏ်သတ္တိနှင့် အသုံးချနိုင်မှု တန်ဖိုးများ ရရှိလာစေရန် စီစဉ်နေရာချ တည်ဆောက်ခြင်း ဖြစ်သည်။ 
 

Copyright © 2010 CHEMISTRY FIELD Blogger Template by Dzignine